Google Android ဖုန်းတွေလာတော့မည်


Google Inc ရဲ့ Androl မို ဘိုင်း operating software ကိုသုံးစွဲမည့်ပထမဆုံး မိုဘိုင်းဖုန်း ကို ၁၉၉ဒေါ်လာနဲ့ဝယ်ယူရရှိနိုင် တော့မှာဖြစ်ပါတယ်။
ဒီဖုန်းကိုတရုပ်(တိုင်ပေ)က HTC Corp up တင်ပြီးထုတ်ဝေမှာဖြစ်ပြီး Deuts che telekom ရဲ့ T-Mobile USA Unit ကရောင်း ချပေးမှာဖြစ်ပါတယ်။ စက်တင်ဘာ၂၃ရက်နေ့မှာနယူးယောက်မြို့မှာစတင်ပြီးတော့ ရောင်းချဖို့စီမံထားပါတယ်။ Wall Street Journal ကတော့ဒီလိုလုပ် ဆောင်မှုဟာ လူအများနဲ့ရင်းနှီးအကျွမ်းဝင်ပြီးသားဖြစ်တဲ့ Google ရဲ့ကုန် အမှတ်တံဆိပ် ခြေလှမ်းဖြစ်ပြီးယခင်လိုဘဲနှစ်ခြိုက်စရာကောင်းနိုင်တယ်လို့ ဖော်ပြပေးထားပါတယ်။ ဒါပေမဲ့လည်းဈေးနှုန်းကတော့ နောက်ပိုင်း မှာပိုများလာစရာ ရှိတယ်လို့ဖော်ပြပေးထားပါတယ်။ Google, HTC နဲ့ T-Mobile USA တို့ကတော့ဖုန်းရဲ့ဈေးနှုန်းကို တော့မှတ်ချက်ပြုပြောဆိုမှုတွေမလုပ်ကြသေးပါဘူး။

0 comments: