မှန်သောစကား ဖြစ်သော်ငြားလည်း

သဒ္ဓါတရားနှင့် ပတ်သက်၍ ဟောပြောသောစကားသည်
သဒ္ဓါတရားမရှိသူအတွက် မကောင်းသောစကားဖြစ်၏။

သီလ (ကိုယ်ကျင့်သိက္ခာ) နှင့် ပတ်သက်၍ ဟောပြောသောစကားသည်
ကိုယ်ကျင့်သိက္ခာမရှိသူအတွက် မကောင်းသောစကားဖြစ်၏။

သုတ (အကြားအမြင်) နှင့် ပတ်သက်၍ ဟောပြောသောစကားသည်
သုတ (အကြားအမြင်) မရှိသူအတွက် မကောင်းသောစကားဖြစ်၏။

ပေးကမ်းစွန့်ကြဲမှုနှင့် ပတ်သက်၍ ဟောပြောသောစကားသည်
နှမြောတွန့်တို မပေးရက်လိုသူအတွက် မကောင်းသောစကားဖြစ်၏။

အသိဥာဏ်ပညာနှင့် ပတ်သက်၍ ဟောပြောသောစကားသည်
အသိဥာဏ်ပညာ ခေါင်းပါးသူအတွက် မကောင်းသောစကားဖြစ်၏။

(အံ၊ ပဉ္စက၊ ဒုက္ကထာ သုတ်)

Read More...