ဓါတ်ပုံများကို all-channel တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။
Read More...
Summary...
သဒ္ဓါတရားနှင့် ပတ်သက်၍ ဟောပြောသောစကားသည်
သဒ္ဓါတရားမရှိသူအတွက် မကောင်းသောစကားဖြစ်၏။
သီလ (ကိုယ်ကျင့်သိက္ခာ) နှင့် ပတ်သက်၍ ဟောပြောသောစကားသည်
ကိုယ်ကျင့်သိက္ခာမရှိသူအတွက် မကောင်းသောစကားဖြစ်၏။
သုတ (အကြားအမြင်) နှင့် ပတ်သက်၍ ဟောပြောသောစကားသည်
သုတ (အကြားအမြင်) မရှိသူအတွက် မကောင်းသောစကားဖြစ်၏။
ပေးကမ်းစွန့်ကြဲမှုနှင့် ပတ်သက်၍ ဟောပြောသောစကားသည်
နှမြောတွန့်တို မပေးရက်လိုသူအတွက် မကောင်းသောစကားဖြစ်၏။
အသိဥာဏ်ပညာနှင့် ပတ်သက်၍ ဟောပြောသောစကားသည်
အသိဥာဏ်ပညာ ခေါင်းပါးသူအတွက် မကောင်းသောစကားဖြစ်၏။
(အံ၊ ပဉ္စက၊ ဒုက္ကထာ သုတ်)
Read More...
Summary...
mmGeek.org မှ ထုတ်လုပ်လိုက်တဲ့ Burmese Input System FireFox Add-on ကို အသုံးပြုပြီ Mozilla FireFox မှာ Zawgyi-One font ကို အသုံးပြုပြီး မြန်မာစာကို အလွယ်အကူ install လုပ်ပြီး စာရိုက်နိုင်ပါပြီ... ယခင်က Planet နဲ့ Alpha Zawgyi တို့မှ ထွက်ရှိခဲ့တဲ့ Zawgyi Keyboard Layout (IME) ဟာ .exe နဲ့ဖြစ်တဲ့အတွက် သာမာန် User Account Level နဲ့ install လုပ်လို့မရပါဘူး... အခု FireFox Add-on ကတော့ သာမာန် User Account မှာလည်း install လုပ်လို့ရပါတယ်...
Burmese Input System FireFox Add-on ကို Install လုပ်ဖို့အတွက် FireFox ကနေ https://addons.mozilla.org/en-US/firefox/addon/8279 ကိုသွားပြီး Add to FireFox ကို click လုပ်ပြီး Install လုပ်ပါ... mozilla.org မှာ register လုပ်ထားဖို့တော့ လိုအပ်ပါတယ်... install လုပ်ပြီးသွားရင် Firefox ကို restart လုပ်ခိုင်းပါလိမ့်မယ်... Restart လုပ်ပြီးလို့ ပြန်တက်လာတဲ့အခါ အသုံးပြုလို့ရပါပြီ...
ဘယ်လို သုံးရမလဲဆိုတော့ FireFox ထဲမှာ Zawgyi-One နဲ့ စာရိုက်ချင်တဲ့နေရာမှာ Right click နှိပ်ပါ...
အပေါ်က ပုံအတိုင်း ပေါ်လာရင် MMGeeks Input System > Burmese ကိုရွေးမယ်ဆိုရင် ပုံမှန် Zawgyi-One ရိုက်နေကျ အတိုင်း စာရိုက်လို့ရပါတယ်... Burglish ကိုရွေးမယ် ဆိုရင်တော့ “နေကောင်းလား ” ရိုက်ချင်တယ် ဆိုရင် "nay kaung lar" ပုံစံမျိုးနဲ့ ရိုက်နိုင်ပါတယ်... nay လို့ ရိုက်လိုက်တယ်... ကျတော်တို့လိုချင်တဲ့ က 0 နေရာမှာရှိရင် 0 (zero) ကို နှိပ်လိုက်ပါ... ကောင်း ပေါ်ဖို့ဆိုရင် kaung လို့ရိုက်လိုက်တယ်... အောက်က ပုံအတိုင်း ကောင်း က 1 နံပါတ်မှာ ရှိတဲ့အတွက် 1 ကိုနှိပ်လိုက်ရပါတယ်...အလားတူ လား ပေါ်ဖို့ lar လို့ရိုက်ပြီး လား ရှိတဲ့ 1 ကိုနှိပ်လိုက်ရင် ရပါပြီ...
အကျယ် သိချင်ရင်တော့ ဒီ mmGeeks.org မှာသွားရောက် ဖတ်ရှု မေးမြန်းနိုင်ကြောင်းပါ...
ဒီလို အသုံးဝင်တဲ့ အခြား project များကို အခကြေးငွေမပါဘဲ ရေးသား ဖြန့်ချီပေးနေတဲ့ mmGeeks.org ကို ကျေးဇူး အရမ်းတင်ပါတယ်...
အများအတွက် အသုံးဝင်တဲ့ နည်းပညာများကို ထပ်ဆင့်မျှဝေပေးတဲ့ ကိုမောင်လှ ကိုလည်း ကျေးဇူးအထူး တင်ပါတယ် . . .။
Read More...
Summary...
ဒီကနေ့ အိုင်တီခေတ်မှာ အင်တာနက်၊ အီးမေးလ်နဲ့ မကင်းနိုင်တာမို့ အီးမေးလ်ကျင့်ဝတ်တွေကို စုဆောင်းပေးလိုက်ပါတယ်။
တိုတိုတုတ်တုတ်၊ ထိထိမိမိ၊ လိုရင်းတိုရှင်းရေးပါ။ မလိုအပ်ဘဲ ဝေ့၀ိုက်မနေမိပါစေနဲ့။
ပြန်စာရေးရင် တစ်ဖက်လူ သိချင်တာတွေကို အရင်ဖြေပါ။ ကျန်သွားလို့ ပြန်ဖြေရရင် နှစ်ယောက်စလုံး အလုပ်ရှုပ်တယ်။
စာလုံးပေါင်းသတ်ပုံနဲ့ သဒ္ဒါမှန်ဖို့ ဂရုပြုပါ။ ဖတ်တဲ့သူ နားမလည်ဘဲ သဘောပေါက်မှားသွားရင် ရှင်းရမယ့်ပြဿနာက တော်တော်ကြီးသွားပါလိမ့်မယ်။
အီးမေးလ်ပို့တယ်ဆိုတာက ကိုယ့်ဆီက မြန်မြန်ဆန်ဆန် ပြန်စာလိုချင်လို့ပါ။ ၂၄ နာရီအတွင်း ပြန်တာက အကောင်းဆုံးပါပဲ။
မလိုအပ်တဲ့ဖိုင်တွေကို Attach မလုပ်ပါနဲ့။ ဖိုင်အကြီးကြီးတွေကို Attach လုပ်ရင် စက်လည်းနှေး၊ အနှောင့်အယှက်လည်း ဖြစ်နိုင်ပါတယ်။ ဖိုင်ဆိုက်အကြီးကြီးတွေကို Zip လုပ်ပြီးပို့တာ အကောင်းဆုံးပါပဲ။
ကွန်ပျူတာပေါ်ဖတ်ရတာ စာရွက်ထက် ပိုခက်တာကြောင့် စာရေးရင် နံပါတ်တပ်တာ၊ အပိုဒ်ခွဲ ရေးတာတွေက ကိုယ်ရေးထားတာကို နားလည်သဘောပေါက်လွယ်စေပါတယ်။
အက္ခရာအကြီး ( Capital Letter ) နဲ့ လုံးဝ မရေးပါနဲ့။ အော်ပြောနေတဲ့ပုံ ပေါက်သွားတာကြောင့် တစ်ဖက်လူ စိတ်ခုသွားနိုင်ပါတယ်။
အီးမေးလ်မပို့ခင် နောက်ဆုံးတစ်ခေါက် ပြန်ဖတ်ပါ။ အတော်များများက စာလုံးပေါင်းတွေ မှားလွန်းလို့ပါ။
လူအားလုံးကို သိစေချင်တဲ့အချက်တွေ တူနေမှ Reply All ကို လုပ်ပါ။
အဲ ... နောက်ဆုံး အရေးအကြီးဆုံးက ဖြစ်နိုင်ရင် အရေးကြီး လျှို့ဝှက်ထားရမယ့် ကိစ္စတွေကို အီးမေးလ်ပို့ပြီး မပြောကြပါနဲ့။
( မြန်မာတိုင်းမ်မှ မေဦးမိုးရဲ့ “အီးမေးလ်ပို့ရင် . . .” ဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်။ )
Read More...
Summary...