Happy Birthday



Read More...

အကြင်နာတွေနဲ့ဖေးကူပါ ( Our Helping Hands To Nargis Survivors )

လေးဖြူနဲ့ အဖွဲ့ သီဆိုထားတဲ့ အကြင်နာတွေနဲ့ဖေးကူပါ (Our Helping Hands To Nargis Survivors.mp3) သီချင်း ကို ကိုမျိုး၏ ခါတော်မီ blog တွင် နားဆင်နိုင်ပါတယ်။

Read More...

ကလေးရဲ့ စာဖတ်ဝါသနာ ပျိုးထောင်ဖို့

ကလေးတွေကို စာဖတ်ပြတာက တစ်ချိန်ချိန်မှာ သူတို့လေးတွေ စာဖတ်ဝါသနာပါအောင် လမ်းကြောင်းပေးတာနဲ့ အတူတူပါပဲ။

နေ့စဉ်အကျင့်ဖြစ်အောင်လုပ်ပါ . . .
အချိန်ပေးပြီး နေ့တိုင်းဖတ်ပြပါ။ ဒါက ကလေးနဲ့ကိုယ်နဲ့ကြားမှာ မေတ္တာခိုင်မြဲအောင် လုပ်ပေးပါလိမ့်မယ်။ ကလေးလည်း အကျင့်ရတာပေါ့။

ရှေ့ကနေဦးဆောင်ပြီး စာဖတ်ပြပါ . . .
ကလေးတွေက မိဘကို အတုယူတတ်ပါတယ်။ ကိုယ်တီဗီကြည့်တာပဲ တွေ့နေလို့ တစ်နေ့ သူ တီဗွီရှေ့ပဲရောက်နေရင် ဒါကိုယ့်အပြစ်ပါ။

စာအုပ်အမျိုးအစားစုံအောင် ဖတ်ပြပါ . . .
သူတို့ကို ဖတ်ပြဖူးတဲ့ စာအုပ်တွေကိုပဲ ခဏခဏ ဖတ်ပြမနေပါနဲ့။ သူတို့လေးတွေရဲ့ အခန်းမှာလည်း စာအုပ်မျိုးစုံ ထားပေးပါ။ စာအုပ်အများကြီး ထားပေးရမယ်ဆိုလို့ အကုန်အကျများတယ် ထင်ရင်လည်း ဈေးသက်သာပြီး ကလေးအတွက် သင့်တော်မယ့် စာအုပ်တွေ အများကြီး ရှိပါတယ်။ စာအုပ်ဆိုင်ကို သူတို့လေးတွေကို ခေါ်သွားပြီး စာအုပ်တွေကို စိတ်ကြိုက်ရွေးခိုင်းပါ။

စာကြည့်တိုက်တွေကိုလည်းသွားပါ . . .
ကလေးတွေကို စာကြည့်တိုက် ကဒ်ပြားလည်း လုပ်ထားပေးပါ။ ကိုယ့်အတွက် ဒီကဒ်က အကြည့်ရ ဆိုးပေမယ့် သူတို့လေးတွေအတွက်တော့ အဓိပ္ပါယ်ရှိပါလိမ့်မယ်။

ကလေးတွေရဲ့ စာဖတ်ချင်တဲ့စိတ်ကို နှိုးဆွပေးပါ . . .
ကလေးက စာကြည့်တိုက်က စာအုပ်တွေကို ရိုးလာပြီဆိုရင် ဒီထက်ပိုမြင့်တဲ့ စာအုပ်တွေကို တောင်းဆိုလာပါလိမ့်မယ်။ ဒါက သူတို့တွေအတွက် ကောင်းပါတယ်။ ဒါပေမယ့် တစ်ခု အရေးကြီးတာက စာအုပ်တိုင်း ကလေးတွေအတွက် မသင့်တော်ပါဘူး။

စာဖတ်တာကို အကျင့်ဖြစ်အောင် လုပ်ပေးပါ . . .
ဒါက သူတို့ အသက်ကြီးသွားတဲ့အချိန်ထိ သူတို့ဘ၀အတွက် အကျိုးရှိပါတယ်။ စာများများဖတ်တဲ့သူက ဗဟုသုတ ပိုများတဲ့အတွက် ဘ၀ရဲ့တိုက်ပွဲတွေမှာ ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို ပိုသိကြပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ စာဖတ်တဲ့အကျင့် ကောင်းတဲ့အကျင့်ပါ။ ဒါက သူတို့ တစ်ဘ၀လုံး အတွက်နဲ့လည်း ဆိုင်ပါတယ်။

( မေဦးမိုး )

Read More...

လောကချမ်းသာ ဓါတ်ပေါင်းစုစေတီတော်မြတ်ကြီး (ပ) ကြိမ် ဗုဒ္ဓပူဇနိယပွဲတော်


၂၀၀၈ ခု၊ မေလ ( ၂၅ ) ရက်၊ တနင်္ဂနွေနေ့တွင် နယူးဂျာစီမြို့၊ လောကချမ်းသာ ဓါတ်ပေါင်းစု စေတီတော်မြတ်ကြီး၌ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။





နံက် ( ၁၀း၁၅ ) နာရီတွင် သံဃာတော်အရှင်သူမြတ် အပါး (၄၀) အား ဆွမ်းဆန်စိမ်း လောင်းလှူကြပါသည်။ သံဃာတော်များက စေတီတော်ကြီးကို လက်ယာရစ်လှည့်ပတ်၍ ကြွချီတော်မူသည်ကို အလှူရှင်များက ဘေးဝဲယာ တစ်ဖက်တစ်ချက်မှနေ၍ မိမိတို့၏ လှူဘွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပါသည်။

ထို့နောက် ကြွရောက်လာသော ဧည့်ပရိဿတ်များကို မိမိတို့ ကြိုက်နှစ်သက်ရာ စားသောက်ဖွယ်ရာများအား စိတ်တိုင်းကျ သုံးဆောင်နိုင်ရန် အလှူရှင်အသီးသီးမှ စုပေါင်းလှူဒါန်းထားသော စတုဒီသာမဏ္ဍပ်များတွင် အကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေး ကြပါသည်။

နံက် ( ၁၁း၀၀ ) နာရီတွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပါသည်။
စေတီတော်မြတ်ကြီး၏ တောင်ဖက်တွင် ဘုန်းကြီးကျောင်းအဖြစ် အသုံးပြုရန် လှူဒါန်းထားသော နှစ်ထပ်ကျောင်းဆောင်ကြီးတွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပါသည်။

နေ့လည် ( ၁း၀၀ ) နာရီတွင် မင်နီဆိုးတားမှ ဆရာတော် “ဦးမဟောသဓ” က ဦးစွာပထမ ငါးပါးသီလခံယူ၍ နိဗ္ဗာန်ရောက်ကြောင်း တရားရေအေး အမြိုက်တေးကို ဟောကြားချီးမြှင့်တော်မူပါသည်။

ထို့နောက် အခမ်းအနားကို နေ့လည် ( ၃း၀၀ ) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

နယူးဂျာစီမြို့၊ မဟာစည် သတိပဌာန်ရိပ်သာကို ၁၉၉၅ ခု၊ ဇန်န၀ါရီလ ( ၁၆ ) ရက်နေ့တွင် ၀ယ်ယူခဲ့ပါသည်။ ( ၅ ) ဧကခန့် ကျယ်ဝန်းသော အေးဆေးတိတ်ဆိတ် သာယာလှပသည့် ထိုရိပ်သာဝင်းအတွင်း၌ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ လောကချမ်းသာ ဓါတ်ပေါင်းစု စေတော်မြတ်ကြီးကို တည်ထားကိုးကွယ်ရန် ၁၉၉၇ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ၂၀၀၆ ခု၊ ဧပြီလ ( ၃၀ ) ရက်နေ့တွင် ပထမအဆင့် ဌာပနာတော် သွင်းပွဲကိုလည်းကောင်း၊ စက်တင်ဘာလ ( ၂၇ ) ရက်နေ့တွင် ဒုတိယအဆင့် ဌာပနာတော်သွင်းပွဲကိုလည်းကောင်း၊ ၂၀၀၇ ခု၊ မေလ ( ၂၇ ) ရက်နေ့တွင် ရွှေထီးတော် တင်လှူပွဲကိုလည်းကောင်း စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ထီးတော်တင်လှူပြီးနောက် စေတီတော်ကြီး၏ ငှက်ပျောဖူး၊ ကြာမှောက်၊ ကြာလှန်၊ သပိတ်မှောက်၊ ဖောင်းရစ်၊ ခြင်္သေ့ရုပ်တုထိုင်ခုံ စသည့် အဆင့်များ ပြုလုပ်ပြီးစီးခဲ့ပြီး စေတီတော်ကြီးမှာလည်း များစွာ ရုပ်လုံးပေါ်လာပြီ ဖြစ်ပါသည်။

သို့သော် စေတီတော် အချောသတ်ပြီးစီးရေး၊ ယောဂီ ကျောင်းဆောင် တည်ဆောက်ရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက် အလှူငွေများ များစွာလိုအပ်လျှက်ရှိနေသေးရာ သဒ္ဒါတတ်အား နည်းများမဆို တတ်အားသရွေ့ ပါဝင်လှူဒါန်းနိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

လှူဒါန်းလိုကြသူများသည် ဆရာတော် သံဃာတော်များထံ လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှသော်လည်းကောင်း၊ ABBA အသင်း ငွေစာရင်းနံပါတ် သို့လည်းကောင်း လှူဒါန်းနိုင်ပါကြောင်း ထပ်မံအသိပေး နှိုးဆော်အပ်ပါသည်။

Direct Deposit Information
Routing # - 021000021
Account # - 695500758566 ( Business Money Market )
Account Name - America Burmese Buddhist Associatio, Inc
Address - 619 Bergen St, Brooklyn, NY 11238

အလှူငွေ လှူဒါန်းပြီးစီးပါက အလှူငွေဖြတ်ပိုင်း ပေးပို့ရန်အတွက် ဆရာတော်များထံ (သို့) အမှူဆောင် လူကြီးများထံသို့ အကြောင်းကြားပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Read More...

နိုင်ငံတကာ ကယ်ဆယ်ရေး ကျွမ်းကျင်သူများ လာခွင့်ပြု

မြန်မာနိုင်ငံသို့ လေဘေးဒုက္ခသည်များ အကူအညီ ပေးရေးကိစ္စနှင့် ပတ်သက်ပြီး ရောက်ရှိနေသော ကမ္ဘာ့ ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက နိုင်ငံတကာမှ ကယ်ဆယ်ရေးကျွမ်းသူများနှင့် အကူ အညီပေးမည့် သူများကို နအဖ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လာရောက်ခွင့်ပြုလိုက်သည်ဟု ယနေ့ပြောကြားသည်။


စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေပြည်တော် တွင်၂ နာရီကြာ တွေ့ဆုံဆွေးနွေးပြီးနောက် မစ္စတာ ဘန်ကီမွန်းက ဤကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ကြောင်း အေပီသတင်းက ဖော်ပြသည်။


အဆိုပါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပြောစကားနှင့်ပတ်သက်၍ သတင်း ထောက်များက မေးမြန်းရာတွင်မူ မစ္စတာ ဘန်ကီမွန်းက “ကျနော် လည်း အဲဒီလို လုပ်မယ်လို့ ထင်ပါတယ်”ဟု ပြောဆိုကြောင်းလည်း သတင်းတွင်ပါရှိသည်။


မြန်မာစစ်အစိုးရက နာဂစ် ဆိုင်ကလုန်း မုန်တိုင်း စတင်တိုက်ခတ်သည့် မေလ ၂ ရက်နှင့် ၃ ရက်နေ့များမှ ယနေ့ အထိ နိုင်ငံတကာမှ ကယ်ဆယ်ရေးကျွမ်းသူများနှင့် အကူအညီပေးမည့်သူများအား မြန်မာနိုင်ငံသို့ ဝင်ရောက် ခွင့် ကို ငြင်းဆိုနေခဲ့သည်။


ယင်းကိစ္စအပါအဝင် လေဘေး ဒုက္ခသည်များ အကူအညီပေးရေးအတွက် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံသို့ ရောက်ရှိလာ ခြင်းဖြစ်သည်။


မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ယမန်နေ့နံနက်ပိုင်းက ရောက်ရှိခဲ့ပြီးနောက် မုန်တိုင်းဒဏ်သင့် ဒေသများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ယနေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခြင်းဖြစ်သည်။
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ကျနော်တွေ့ဆုံခဲ့တာဟာ အလွန်ကောင်းမွန်တဲ့တွေ့ဆုံမှုဖြစ်ခဲ့ပါတယ်၊ အထူးသဖြင့် နိုင်ငံလူမျိုး ကို မကြည့်ဘဲ သူ့နေနဲ့ အခုလို ကူညီကယ်ဆယ်ရေးကျွမ်းကျင်သူတွေကို လာရောက်ခွင့်ပြုတဲ့အတွက် ဖြစ်ပါတယ်”ဟု မစ္စတာ ဘန်ကီမွန်းက ပြောသည်။


မစ္စတာ ဘန်ကီမွန်းက ဆက်လက်ပြီး“ဒုက္ခသည်တွေအတွက် သေရေးရှင်ရေးတမျှ အရေးတကြီးလိုအပ်နေတဲ့ အကူပစ္စည်း တွေ နဲ့ ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေ လျင်လျင်မြန်မြန် ရောက်ရှိလာဖို့ အဖြစ်နိုင်ဆုံး သူ့ကို ကျနော် တိုက်တွန်း ပြောဆို ခဲ့ပါတယ်”ဟု လည်း ပြောသည်။


ရန်ကုန်မြို့ကို လေဘေးကယ်ဆယ် ကူညီထောက်ပံ့ ပို့ဆောင်ရေး အဓိကနေရာအဖြစ် အသုံးပြုရန်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က သဘောတူခဲ့ကြောင်း သိရသည်။


မစ္စတာ ဘန်ကီမွန်းသည် ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် ကျုံဒါး ကျေးရွာသို့လည်း ရောက်ရှိခဲ့ပြီး လေဘေး ဒုက္ခသည်များ ထားသည့် အပြာရောင် ရွက်ဖျင်တဲ ၅၀၀ ခန့်ကို ၎င်းအား စစ်အစိုးရက လိုက်လံပြသခဲ့သည်။
“ကျနော် အဲဒီမှာ တွေ့ခဲ့ရတာ အလွန်စိတ်မကောင်းစရာပါပဲ”ဟု မစ္စတာ ဘန်ကီမွန်းက သတင်းထောက်များကို ပြောပြခဲ့သည်။
နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ကြောင့် အနည်းဆုံး လူ ၇၈၀၀၀ သေဆုံးပြီး တခြားသော ပျောက်ဆုံးသူပေါင်း ၅၆၀၀၀ ခန့်ရှိ၍ လေဘေး ဒုက္ခသည် ၂.၅ သန်း ခန့် ရှိကြောင်း အေပီ သတင်းက ဖော်ပြထားသည်။


မေလ ၂ ရက်နှင့် ၃ ရက်အတွင်း တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံရသော ဒေသအားလုံး တွင် ဝန်ထမ်း ၁၅၉ ဦးအပါအဝင် သေဆုံးသူပေါင်း ၇၇၇၃၈ ဦး၊ ဝန်ထမ်း ၈၅ ဦး အပါအဝင် ပျောက်ဆုံး သူ ၅၅၉၁၇ ဦး နှင့် ဝန်ထမ်း ၄ ဦး အပါအဝင် ဒဏ်ရာရသူ စုစုပေါင်း ၁၉၃၅၉ ဦး ဖြစ်ကြောင်း စစ်အစိုးရ သတင်း ဌာနများက ထုတ်ပြန်ထားသည်။

(ကိုစိုး - ဧရာဝတီသတင်း)

Read More...

နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ ဒုက္ခ္ခခံရမှုများ၊ သေဆုံးမှုများ၊ နိုင်ငံတကာ လှူဒါန်းမှုများ




Read More...

သာသနာ့ဥသျှောင် ပဓာနာစေရ မစိုးရိမ် ဆရာတော်ဘုရားကြီး ဘ၀နတ်ထံ ပျံလွန်တော်မူခြင်း


သာသနာ့ဥသျှောင် ပဓာနာစေရ မစိုးရိမ်ဆရာတော်ဘုရားကြီး ဘ၀နတ်ထံပျံလွန်တော်မူခြင်း

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် ပဓာနာစေရ မစိုးရိမ် ဆရာတော်ဘုရားကြီး ဦကောဝိဒါဘိဝံသ သည် ဧပြီလ (၂၉) ရက် နေ့လည် (၁) နာရီခန့်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကော်နီအိုင်းလင်း ဆေးရုံကြီး၌ နှလုံးရောဂါနှင့် သက်တော် (၈၁) နှစ်၊ ၀ါတော် (၆၂) ၀ါတွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားပြီ ဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင် မြန်မာရဟန်းတော်များ အဖွဲ့ချုပ်နှင့် ထပ်တူဝမ်းနည်းကြေကွဲ ရပါကြောင်း။

Read More...