VOTE . . . NO

မနေ့က နယူးယောက်ရှိ မြန်မာနိုင်ငံသားများအား မြန်မာသံရုံးမှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရာ၌ ကြိုတင်ဆန္ဒမဲပေးပွဲ ကျင်းပပြုလုပ်မည့် အကြောင်းကြားစာများ ပေးပို့လာကြောင်း သိရပါသည်။

၁။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းအား အတည်ပြုနိုင်ရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်၊ မေလ (၁၀) ရက်နေ့၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

၂။ နယူးယောက်၊ နယူးဂျာစီနှင့် ကွန်နက်တိကက် ပြည်နယ်များတွင် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသား အသက် (၁၈) နှစ် ပြည့်ပြီးသည့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအတွက် ကြိုတင်ဆန္ဒမဲ ပေးပွဲကို နယူးယောက်မြို့၊ မြန်မာအဖွဲ့ရုံး၌ ၂၅-၄-၂၀၀၈ ရက် (သောကြာနေ့) နံနက် (၁၀၀၀) နာရီမှ နေ့လည် (၁၅၀၀) နာရီထိနှင့် အဆိုပါနေ့ရက်တွင် မလာရောက်နိုင်သူများအတွက် ၂၆-၄-၂၀၀၈ ရက် (စနေနေ့) နံနက် (၁၀၀၀) နာရီနှင့် နေ့လည် (၁၅၀၀) နာရီ အထိတို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

၃။ သို့ပါ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အနေဖြင့် အဆိုပါနေ့များတွင် မြန်မာနိုင်ငံကူးလက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးလက်မှတ် (ရှိပါက) တို့ကို တစ်ပါတည်း ယူဆောင်လာ၍ နယူးယောက်မြို့၊ မြန်မာ အဖွဲ့ရုံး မဲရုံတွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။

အဆိုပါ အကြောင်းကြားစာများကို နယူးယောက်ရှိ မြန်မာနိုင်ငံသားများထံသို့ ဖြန့်ဝေပေးပို့ခဲ့ပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည်မှာ နိုင်ငံတစ်ခုအတွက် အသက်ဝိညာဉ်ပင် ဖြစ်ပေသည်။ နိုင်ငံတစ်ခု တည်ဆောက်မည်ဆိုလျှင် ဤဖွဲ့စည်းပုံ အခြေခံဥပဒေမူအတိုင်း တည်ဆောက်ရမည် ဖြစ်ပေသည်။ နိုင်ငံရေးစကားနှင့် ပြောရမည်ဆိုလျှင် ဖွဲ့စည်းပုံဥပဒေက စစ်အာဏာရှင်စနစ်ဆိုလျှင် ဖြစ်လာမည့် နိုင်ငံကလည်း စစ်အာဏာရှင်နိုင်ငံ ဖြစ်လာမှာဖြစ်ပေသည်။ ဖွဲ့စည်းပုံဥပဒေက ဒီမိုကရေစီစနစ်ဆိုလျှင် ဖြစ်လာမည့် နိုင်ငံတော်ကလည်း ဒီမိုကရေစီနိုင်ငံ ဖြစ်လာမှာ ဖြစ်ပေသည်။ ထို့ကြောင့် ပြည်သူလူထု အတွက် ဖွဲ့စည်းပုံက အသက်တစ်မျှ အရေးကြီးသည်ဟု ပြောချင်ပါသည်။

ထိုဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှ . . . နိုင်ငံတော်၏ ဦးတည်ချက်နှင့် စပ်လျဉ်းသည့် အခြေခံရမည့် မူများဆိုသည့် အထဲမှ တစ်ခုဖြစ်သည့် “ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစ်စိုက် ဦးတည်သည်။ တပ်မတော်သားများ ခေါင်းဆောင်သော အုပ်ချုပ်ရေးကို ဦးတည်ရမည်။ ထိုခေါင်းဆောင်လုပ်မည့် တပ်မတော်သားများသည် ရွေးကောက်ပွဲဝင်စရာမလိုပဲ စစ်ဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်မည်ဖြစ်သည်။ ” ဟု ဆိုထားပါသည်။ ဤသို့ အရေးကြီးသည့် အုပ်ချုပ်ရေးပိုင်းအား ရွေးကောက်တင်မြှောက်ခြင်းမပြုပဲ မိမိသဘောနှင့်မိမိ တိုက်ရိုက်တင်မြှောက်ခြင်းသည် ဒီမိုကရေစီနည်းလမ်းနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလေသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံက ဒီမိုကရေစီစနစ် ဖွဲ့စည်းအုပ်ချုပ်ပုံ မဟုတ်သည့်အတွက် ဖြစ်ပေါ်လာမည့် နိုင်ငံတော်ကလည်း ဒီမိုကရေစီနိုင်ငံတော် ဖြစ်လာနိုင်မည် မဟုတ်သည်မှာ အသေအချာပင်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်လာစေချင်သော မြန်မာပြည်သူပြည်သားများ အနေဖြင့် ကန့်ကွက်ရန်မှတစ်ပါး မည်သည့် အကြောင်းပြချက်မှ မရှိတော့ပေ။



ဖွဲ့စည်းပုံ အခြေခံမူကြမ်းကို www.myanmarforum.net တွင် လေ့လာကြည့်ရှုနိုင်ပါကြောင်း။

Read More...

Happy Famlies




Read More...

HOUSE




Read More...

Fish & Art




Read More...

CITRUS FRUITS FESTIVAL




Read More...