သင့်ရင်သွေး ဘယ်အရွယ်ရောက်နေပြီလဲ . . .

တစ်နေ့တွင် သူငယ်ချင်းတစ်ယောက်က မင်္ဂလာသတင်းစကားတစ်ခု ပြောလာပါသည်။

“ငါမကြာခင် ကလေးအဖေ ဖြစ်တော့မှာကွ။ ငါ့မိန်းမမှာ ကိုယ်ဝန်ရှိနေပြီ” ဟု ပြောပါသည်။

သူတို့၏ ကြည်နူးပျော်ရွှင်စရာများ ကျွန်တော့်ထံသို့ ချက်ချင်းကူးစက်လာပါသည်။

“အခု မင်းမိန်းမမှာ ကိုယ်ဝန်ဘယ်နှစ်လရှိနေပြီလဲ”

“သုံးလ ရှိနေပြီ”

“ဒါဆို မင်းရဲ့ကလေးက ရွှေငါးအကြီးစားအရွယ် ရောက်နေပြီပဲကွ”

“အာ ... မင်းဟာက ဟုတ်ရဲ့လားကွ”

“ဟုတ်တာမှ သိပ်ဟုတ်ပေါ့ကွာ။ ဒီမှာ မင်းရဲ့ကလေးကြီးထွားလာမယ့် အရွယ်အစားကို
မှတ်မိလွယ်စေမယ့် အရာလေးတွေနဲ့ ယှဉ်ပြထားတဲ့ ရုပ်ပုံကားချပ်လေးတွေ ငါ့ဆီမှာရှိတယ်”

သူငယ်ချင်း အားလုံးကို မျှဝေသိစေချင်တာနဲ့ ဒီပို့စ်လေးကို တင်လိုက်ခြင်းဖြစ်ပါတယ်။



Read More...

သြော် ... မိန်းမ


Read More...

သြော် ... ယောင်္ကျား


Read More...

Hand Puppet

အနုပညာမြောက်သော အနုပညာပြကွက်လေးတစ်ခု ဖြစ်ပါသည်။

Read More...

Interesting Statistics




Read More...

ကမ္ဘာမြေကြီးငြိမ်းချမ်းပါစေ

မဟတ္တမဂန္ဓီရဲ့စကားကို “ဒီကမ္ဘာလောကကြီးဟာ လူသားတို့ရဲ့ (အမှန်တကယ်ရှိသင့်တဲ့) လိုအပ်ချက်အတွက် ပြည့်စုံလုံလောက်ပေမယ့် လူသားတို့ရဲ့ (မတရား) ရယူပိုင်ဆိုင်လိုမှု အပိုလောဘ အတွက်တော့ ပြည့်စုံနိုင်ပေလိမ့်မယ် မဟုတ်ပေဘူး” လို့ ဆီလျော်အောင် ဘာသာပြန်နိုင်မယ် ထင်ပါတယ်။ ဂန္ဓီရဲ့ ဒီစကားလေးဟာ တိုတောင်းပေမယ့် အဓိပ္ပါယ်အနေနဲ့တော့ အလွန်မှပဲ ရှည်လျားလှပါတယ်။ မြေပြင်မှာပဲဖြစ်ဖြစ်၊ ရေပြင်မှာပဲဖြစ်ဖြစ် ဟိုး ... အထက်ဝေဟင်မှာပဲဖြစ်ဖြစ် လူသားတို့နေထိုင်ရာ ဟောဒီကမ္ဘာကြီးဟာ ဆိုင်ရာဆိုင်ရာ အလှတို့နဲ့ ပြည့်ဝကုံလုံလှပါတယ်။ ကျွန်တော်တို့ လူသားတွေ ထုတ်ယူသုံးစွဲလို့ မကုန်နိုင်လောက်အောင်ကိုပဲ သယံဇာတ သဘာဝ အရင်းအမြစ်တို့နဲ့လည်း ပြည့်စုံလှပါတယ်။ ကျွန်တော်တို့တစ်တွေရဲ့ လိုအပ်ချက်သာ အတိုင်းအတာ ရှိမယ်ဆိုရင်ဖြင့် မိခင်ကမ္ဘာကြီးရဲ့ သဘာဝလက်ဆောင်တွေဆိုတာ ကျွန်တော်တို့အတွက် ပိုလျှံလို့နေဦးမည်သာ ဖြစ်ပါတယ်။

သို့ပေမယ့် သက်ရှိသတ္တမျိုးနွယ်စုထဲမှာ ဥာဏ်ရည်ဥာဏ်သွေး အမြင့်မားဆုံး စွမ်းရည် အမြင့်မားဆုံးရယ်လို့ မှတ်ယူထားတဲ့ ကျွန်တော်တို့ လူသားတို့ရဲ့ အဆင်ခြင်မဲ့ ရယူပိုင်ဆိုင်လိုမှု များကြောင့် ကျွန်တော်တို့ မိခင်ကမ္ဘာကြီးအနေနဲ့ ပေးဆပ်၍ မလောက်နိုင်လောက်အောင်ကိုပဲ ဖြစ်နေခဲ့ရပါတယ်။ အထူးသဖြင့်တော့ တစ်မိပေါက် တစ်ယောက်ထွန်းဆိုတဲ့ စကားလေးလို တစ်ခါတစ်ခါမှာ ဂြိုဟ်ကောင်အနေနဲ့ ပေါ်လာတတ်တဲ့ သားဆိုးသားမိုက်များကြောင့် ကျွန်တော်တို့ မိခင်ကမ္ဘာကြီးဟာ ဒဏ်ရာအနာတရာတွေနဲ့ အမြင်မလှအောင် ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့ မိခင်ကမ္ဘာကြီး သွေးညှီနံ့လွှမ်းခဲ့ရသလို ယမ်းနံ့ မီးခိုးနံ့တွေလည်း သမ်းခဲ့ရပြန်ပါတယ်။ ထာဝရအလှတွေ ပျက်ပြုန်းခဲ့သလို သဘာဝအလှတရားတွေ ဆိုတာလည်း မကြာခဏဆိုသလို ဘုန်းဘုန်းလဲခဲ့ရပြန်ပါတယ်။ ခြေပြတ်သူပြတ်၊ လက်ပြတ်သူပြတ် အစာငတ်သူငတ်နဲ့ ဘ၀ဇာတ်မလှဖြစ်ခဲ့ရသူတွေ တောင်လိုပုံနေခဲ့သလို သားပျောက်တဲ့မိခင် ရင်ခွင်မဲ့တဲ့သား ခိုကိုးရာမဲ့ အဖိုးအဖွားများရဲ့ ဆိုးရွားလှတဲ့ သဘာဝအခြေအနေတွေကို မိခင်ကမ္ဘာကြီးဟာ နာကျည်းကြေကွဲစွာနဲ့ အမြဲသာ တွေ့ကြုံနေခဲ့ရပါတယ်။

နယ်မြေချဲ့ထွင်လိုမှုတွေ တန်ခိုးအာဏာကျယ်ပြန့်လိုမှုတွေကြောင့် စစ်ပွဲကြီးတွေအလီလီ ဒီကမ္ဘာပေါ်မှာ ပေါ်ပေါက်ခဲ့သလို မိမိတန်ခိုးအာဏာတည်မြဲရေး၊ မိမိရဲ့အသိုက်အအုံလေးတစ်ခု ကောင်းစားရေးကို ဦးစားပေးလွန်းသူများကြောင့် စတေးပေးဆပ်ခဲ့ရတဲ့ အသက်သွေးချွေးပေါင်းများစွာ ဆိုတာလည်း မရေတွက်နိုင်လောက်အောင် များခဲ့ပါပြီ၊ မတရားရယူပိုင်ဆိုင်လိုမှု တန်ခိုးပါဝါချဲ့ထွင်လိုမှု မိမိအာဏာ တည်မြဲလိုမှု စတဲ့ စတဲ့ လောဘတရားတွေ၊ အာဏာပါဝါပြလိုခြင်း၊ ခက်ထန်မာကြောခြင်း၊ အမျက်ဒေါသ ပြင်းထန်ခြင်းစတဲ့ အကြမ်းစား အမျက်ဒေါသတွေနဲ့ မိမိရဲ့ လက်ရှိအခြေအနေကနေ လျောကျသွားမှာ စိုးရိမ်ခြင်း၊ တစ်ခုခုကို တွေးတောကြောက်ရွံ့ခြင်း စတဲ့ အငုံ့ဒေါသ အကျဒေါသတွေ၊ အမှန်တရားကို ဖုန်းကွယ်ခြင်း၊ အမှားကိုအမှန်ရယ်လို့ မြင်လာအောင် ဖန်တီးတတ်တဲ့ မောဟတရားတွေနဲ့ ငါနဲ့ငါသာ နှိုင်းစရာ ငါ့သာငါပြင် ဘယ်မမြင် စတဲ့ မာန်မာနတရားဆိုးတွေရဲ့ စိုးမိုးခြယ်လှယ် အနိုင်ယူမှုတွေကြောင့် ကျွန်တော်တို့ရဲ့ မိခင်ကမ္ဘာကြီးဟာ နလံမထူနိုင်အောင်ကိုပဲ ဖြစ်နေရပါတယ်။

သာမာန်ကြည့်ရင် ကမ္ဘာလောကကြီး ဒဏ်ရာအနာတရတွေနဲ့ ဗရပွဖြစ်နေအောင် ဖန်တီးတတ်သူဟာ လူသားဆိုတဲ့ ပုဂ္ဂိုလ်တွေပဲရယ်လို့ ထင်မြင်စရာရှိပေမယ့် တကယ့်နံပါတ်တစ် လက်သည်တရားခံတွေ ကတော့ အဲဒီလူသားတွေရဲ့ သန္တာန်မှာ ကိန်းတည်နေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနစတဲ့ တရားဆိုးတွေပဲ ဖြစ်ပါတယ်။ လူသားတို့ရဲ့ရင်ထဲ ဒီတရားဆိုးတွေ စိုးမိုးခြယ်လှယ် အနိုင်ယူနေသမျှ ကျွန်တော်တို့ရဲ့ ကမ္ဘာဟာ ဘယ်သောအခါမှာမှ အပြည့်အ၀ ငြိမ်းချမ်းသာယာ လှပနိုင်မယ် မဟုတ်ပါဘူး။

ရှက်စရာကိုရှက်တတ်၊ ရွံ့စရာဆိုရွံ့တတ်တဲ့ ဟီရိသြတ္တပ္ပဆိုတဲ့ လောကပါလတရားတွေနဲ့ စာနာခြင်း၊ ညှာတာထောက်ထားခြင်း၊ ရိုင်းပင်းကူညီခြင်း၊ တစ်ဦးအပေါ်တစ်ဦး နားလည်ခွင့်လွှတ်နိုင်ခြင်း စတဲ့ ဗြဟ္မစိုရ်တရားတွေ ကျွန်တော်တို့ရဲ့ သတ္တလောကဆိုတဲ့ လူသားကမ္ဘာမှာ တိုးတက်ထွန်းကားလာပါမှ မိခင်ကမ္ဘာဆိုတဲ့ သြကာက လောကကြီးလည်း ငြိမ်းချမ်းစွာ ဆက်လက်ရှင်သန်ခွင့် ရှိနိုင်မှာပါ။ ဒီတော့ ကျွန်တော်တို့တစ်တွေအနေနဲ့ ဘယ်သူတွေပဲ တရားပျက်ပျက် ကိုယ်တရားမပျက်မိစေဖို့ကိုတော့ စောင့်ထိန်းကြိုးစားကြရမှာပါ။ ဒီလိုမှမဟုတ်ပဲ ချော်လဲရောထိုင်သဘောမျိုး၊ အများမိုးခါးရေသောက်ရင် ကိုယ်လည်းသောက်ရမှာပေါ့ဆိုပြီး မကောင်းမှန်းသိလျက် ဇွတ်မှိတ်လက်သင့်ခံ လိုက်နာမှုမျိုးကတော့ ကျွန်တော်တို့ မိခင်ကမ္ဘာကြီး တိုးတက်ကောင်းမွန်စေဖို့အတွက် ဘယ်လိုမှ အထောက်အပံ့ ဖြစ်နိုင်မယ် မဟုတ်ပါဘူး။

အထူးသိထားဖို့လိုတာကတော့ မကောင်းဒဏ်ပဲဖြစ်ဖြစ်၊ ကောင်းကံပဲဖြစ်ဖြစ် အချိန်တန်ရင်တော့ ပြုသူထံ ပြန်လာစမြဲပါ။ မတရားသော ရယူပိုင်ဆိုင်မှုတွေအတွက် ပေးဆပ်ရမည့်အလှည့်မှာ သဘာဝဓမ္မရဲ့ စီရင်ချက်ဟာ ဖောက်ပြန်ရိုးမရှိတဲ့ သူ့တရားအတိုင်းသာပဲ ဖြစ်လေမှာပါ။ တကယ့် သဘာဝနယ်ပယ်မှာ ရာထူးအာဏာ စည်းစိမ်ဥစ္စာတို့ရဲ့ မျက်နှာကြီးငယ်ဆိုတာ ဘယ်လိုမှ နေရာရနိုင်မှာ မဟုတ်ပါဘူး။ နိုင့်ထက်စီးနင်း ကြီးနိုင်ငယ်ညှင်း အားရှိအားမဲ့ ပြုမူချက်တွေရဲ့ နောက်ဆက်တွဲ ဒဏ်ချက်တွေဟာ အလိုအလျောက် ကြေပျောက်သွားလေမှာ မဟုတ်တာလည်း သေချာလှပါတယ်။ ဖြစ်တည်ခိုက်ဘ၀ တကယ့်တကယ် စဉ်းစားကြည့်ပါရင် တိုတောင်းလှတဲ့ဘ၀ ဒီမပြောပလောက်တဲ့ အချိန်ကာလလေး အတွင်းမှာ ပတ်ဝန်းကျင် ကမ္ဘာလောကအတွက် အလှမခြယ်သနိုင်သည့်တိုင် အရုပ်ဆိုးအကျည်းတန်စေမဲ့ အဖြစ်မျိုးကိုတော့ မပြုလုပ်မိစေဖို့ အထူးပင် လိုအပ်လှပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ရယူပိုင်ဆိုင်လိုမှုတွေဟာ အနည်းနည်းအဖုံဖုံ ကွဲပြားခြားနားမှာတော့ အမှန်ပါပဲ။ အကြောင်းအရာ အသွင်သဏ္ဌာန်ကွဲပြားသလို အတိုင်းအတာပမာဏလည်း ကွဲပြားလေမှာပါပဲ။ ရုပ်ဝတ္ထုတွေ ဖြစ်နိုင်သလို အသွင်သဏ္ဌာန်မရှိတဲ့ အရာမျိုးတွေလည်း ဖြစ်နိုင်တာပါပဲ။ သို့ပေမယ့် ကန့်သတ်ဘောင်မဲ့ အတိုင်းအတာမျိုးနဲ့ မပြီးဆုံးနိုင်တဲ့ အနည်းနည်းအဖုံဖုံမျိုး မဖြစ်နိုင်တော့ အမှန်တကယ် လိုပေလိမ့်မယ်။ ဒီလိုမှ မဟုတ်ပဲ မိခင်လောကကြီးရဲ့ လက်ဆောင်ပဏ္ဏာ အားလုံးဟာ တစ်ဦးတစ်ဖွဲ့တည်းပိုင်သာ ဖြစ်ရကောင်းနိုင်စေဖို့ ကြိုးစားခဲ့မယ်ဆိုရင်ဖြင့် အဲ ... ကြိုးစားသွားကြမယ် ဆိုရင်ဖြင့် ဂန္ဂီရဲ့စကားလို အဲဒီလို ပုဂ္ဂိုလ်မျိုးတွေအတွက် ဒီကမ္ဘာလောကကြီးဟာ ဘယ်သောအခါမှာမှ လောက်ငပြည့်စုံနိုင်လိမ့်မယ် မဟုတ်ပေဘူး။ နောက်ပြီး အဲဒီလို ပုဂ္ဂိုလ်မျိုးတွေနဲ့ မကင်းနိုင်စကောင်းစွာ တွေ့ကြုံနေရဦးမယ့် ကျွန်တော်တို့ရဲ့ လူသားမျိုးနွယ်စု သတ္တမျိုးနွယ်စု တစ်ခုလုံးလည်း အစဉ်ထာဝရ ဆုံးရှုံးပျက်ပြားနေမှုကြီးတစ်ခုရဲ့ ပုံရိပ်အသွင်အပြင်ကြီးသာ ဖြစ်နေဦးတော့မှာ မလွဲပါဘူး။

ဒီတော့ လောဘ ဒေါသ မောဟနဲ့ အတ္တမာန်မာန စတဲ့ တရားဆိုးတွေ၊ ငြူစူစောင်းမြောင်း မနာလို ၀န်တိုမှု ဣဿမစ္ဆရိယ စတဲ့ တရားဆိုးတွေ၊ အဆုံးစွန် မပယ်သတ်နိုင်သေးသည့်တိုင် နည်းပါးသထက် နည်းပါး သွားလေအောင် စောင့်စည်းထိန်းသိမ်းရမယ့် လူ့ကျင့်ဝတ်တရားတွေကို စောင့်စည်းထိန်းသိမ်းရ ကောင်းမှန်း သိနိုင်ကောင်းတဲ့ ဟီရိ သြတ္တပ္ပဆိုတဲ့ လောကစောင့်တရားတွေ ထွန်းကားရလေအောင် မေတ္တာ ဂရုဏာ မုဒိတာနဲ့ တကယ့်စစ်မှန်တဲ့ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေ ပြန့်ပွားရလေအောင် ကျွန်တော်တို့ ၀ိုင်းဝန်းကြိုးစားသွားကြဖို့ လိုပေလိမ့်မယ်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ထူးခြားတဲ့ သင်္ကေတဟာ သန့်ရှင်းစင်ကြယ်မှု လေးစားမြတ်နိုးဂုဏ်ယူဖွယ် အမှုမျိုးသာဖြစ်စေဖို့ တတ်နိုင်သမျှ ကြိုးစားသွားကြရမှာပါ။

နိဂုံးချုပ်အနေနဲ့ မကောင်းကျိုးဆောင်တရားတွေနည်းပါး၊ ကောင်းကျိုးဆောင်တရားတွေ တိုးတက် ထွန်းကားလာတာနဲ့အမျှ ငြိမ်းချမ်းသာယာလှပတဲ့ ဘ၀လေးတွေကို အသီးသီးပိုင်ဆိုင်ရရှိကြမှာ မလွဲသလို အရာရာလောက်င ပြည့်စုံတဲ့ကမ္ဘာကြီးတစ်ခုကို လိုအပ်ချက်မယ့် ကမ္ဘာကြီးတစ်ခုကို ကျွန်တော်တို့ (သို့မဟုတ်) ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေအနေနဲ့ အမှန်ပဲ တွေ့မြင်ကြရပါလိမ့်မယ်။

( “ဥာဏ်ဦးမောင်” ရဲ့ ကမ္ဘာမြေကြီးငြိမ်းချမ်းပါစေ ... မှ )

Read More...

ရိုးသားခြင်း၏ အခြားတစ်ဖက်မှာ

“အမှန်တကယ် ဖြစ်နေတာတွေကို အမှန်အတိုင်း လက်ခံနိုင်ဖို့ သိပ်အရေးကြီးတယ်။ စိတ်ချမ်းသာအောင် ကိုယ့်ကိုယ်ကိုယ် လှည့်စားတာတွေ သူတစ်ပါးကို လှည့်စားတာတွေရှိတယ်။ အဲဒီလို လှည့်စားတာဟာ စိတ်ထဲမှာ ပဋိပက္ခဖြစ်စေတယ်။ ပဋိပက္ခဟာ စိတ်ဓာတ်အင်အားကို ကုန်ခမ်းစေတယ်။ လှည့်စားမှုထဲမှာပဲ အင်အားတော်တော်များများ ကုန်သွားပြီး အသိအမြင် ရှင်းလင်းမှု၊ လွတ်လပ်မှုရဖို့ အရေးမှာ သုံးစရာအင်အား မကျန်တော့ဘူး။ အမှန်ကိုလက်ခံဖို့၊ ကိုယ့်ကိုယ်ကိုယ်မညာဖို့၊ ရိုးသားမှုရှိဖို့ လိုတယ်။ ရိုးသားမှုရှိမှ အသိဥာဏ် ပွင့်မယ်”။

အထက်ပါ စာပိုဒ်လေးကတော့ မဟာမြိုင်ဆရာတော် ဦးဇောတိကရဲ့ ဗုဒ္ဓရင်ခွင်မှာဆိုတဲ့ တရားတော်ထဲက စာပိုဒ်လေးတစ်ခုပဲဖြစ်ပါတယ်။ ရိုးသားမှုရဲ့ ခိုင်းနှိုင်းဖွယ်မရှိတဲ့ အတုမဲ့ဂုဏ်ရည်တွေကို နေရာအတော်များများမှာ လူအတော်များများဆီက မကြာမကြာကြားရတာကြောင့် ကျွန်တော်တို့အနေနဲ့ နားရည်ဝလို့နေပါပြီ။ ရိုးသားခြင်းဆိုတာ မြင့်မြတ်တဲ့ အရာတစ်ခုဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ ကိုယ်တိုင် ယုံကြည်လက်ခံကြပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်းပဲ ရိုးသားခြင်းဂုဏ်ကို ပိုင်ဆိုင်သူ တစ်ယောက်အဖြစ် အများတကာရဲ့ အသိအမှတ်ပြုမှုကို ရယူပိုင်ဆို လိုတတ်ကြစမြဲပါပဲ။ ရိုးသားခြင်း ဂုဏ်ကို မမြတ်နိုးသူရယ်လို့ ရှိနိုင်မယ်တောင် မထင်ပါဘူး။ အလွန်တရာ ကောက်ကျစ်ယုတ်မာသူ တစ်ယောက် ဖြစ်နေဦးတောင်မှပဲ ရိုးသားမှုဂုဏ်ကိုတော့ မြတ်နိုးမှာအမှန်ပါပဲ။ ကိုယ်ကိုယ်တိုင် မရိုးသားသည့်တိုင် ကိုယ်နဲ့ပေါင်းသင်းဆက်ဆံရတဲ့ သူများကိုတော့ ယုံကြည်ရတဲ့သူများ၊ ရိုးသားသူ များသာ ဖြစ်စေခြင်တဲ့ဆန္ဒဟာ ရိုးသားမှုကို လူတိုင်းမြတ်နိုးတယ်ဆိုတဲ့ စကားအတွက် ခိုင်မာတဲ့ သက်သေကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

ရိုးသားခြင်းဂုဏ်ကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်ဖို့အတွက် ဆိုရင်တော့ အမှန်တကယ် ဖြစ်နေတာတွေကို အမှန်အတိုင်း လက်ခံဖို့ လိုပါလိမ့်မယ်။ အမှန်တကယ် ဖြစ်နေတာတွေကို အမှန်အတိုင်း လက်မခံနိုင်ပဲနဲ့တော့ ရိုးသားသူတစ်ယောက် ဘယ်နည်းနဲ့မှ ဖြစ်နိုင်မယ် မထင်ပါဘူး။ အမှန်အတိုင်း လက်မခံနိုင်သူတစ်ယောက်ရဲ့ နှုတ်ကထွက်လာတဲ့ ရိုးသားဟန် နှုတ်ထွက်စကားနဲ့ လုပ်ရပ်များဟာလည်း အယောင်ဆောင်ဟန်ပြ အတုအယောင်များသာ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ အမှန်အတိုင်း လက်ခံနိုင်ဖို့ ဆိုတာကလည်း အပြောလွယ်သလောက် လက်တွေ့ပိုင်းမှာ ခက်ခဲလှပါတယ်။ စိတ်အားသတ္တိ ပျော့ညံ့ သူတို့ အနေနဲ့ဆိုရင် လိုက်နာနိုင်ဖို့ အင်မတန်ခဲယဉ်းမှာပါ။ ခဲယဉ်းပေမယ့်လည်း ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုအတွက် နည်းမှန်လမ်းမှန် ကြိုးစားယူရင် ရနိုင်သလို၊ စိတ်အားသတ္တိ ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်ယူရင် ရနိုင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ တတွေဟာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အချိန်ပေး လေ့လာအားထုတ်မှု နည်းတာကြောင့် စိတ်အားသတ္တိများကလည်း ဖွံ့ဖြိုးမှု နည်းပါးရခြင်းပဲ ဖြစ်ပါတယ်။ စိတ်အားသတ္တိ ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးနည်းကတော့ စိတ်ရဲ့အခြေအနေမှန်ကို နားလည်အောင် ကြိုးစားခြင်းပဲ ဖြစ်ပါတယ်။ စိတ်အခြေအနေမှန်ကို နားလည်ဖို့အတွက် စိတ်ကိုစောင့်ကြည့် လေ့လာအကဲခတ်ဖို့ လိုပါလိမ့်မယ်။

ကျွန်တော်တို့တတွေအနေနဲ့ ကိုယ့်စိတ်အခြေအနေမှန်ကို နားလည်အောင် ကြိုးစားမှု ပြုလုပ်လေ့ နည်းတာကြောင့် ကျွန်တော်တို့စိတ်အပေါ် ကျရောက်လေ့ရှိတဲ့ ဘေးအန္တရာယ်များကိုလည်း မသိမြင်နိုင် ကြပါဘူး။ ဘေးအန္တရာယ်များ ကျရောက်နေတာကို မသိတဲ့အတွက် ကုစားဖို့ဆိုတာကိုလည်း မသိပြန်ပါဘူး။ ကြိုတင်ကာကွယ်နည်းနဲ့ ကုစားသူဆိုတာကတော့ အတော်ပဲနည်းပါးပါတယ်။ အဲဒီလို ဘေးအန္တရာယ်များကို ကုစားမှုမပြုခြင်း၊ ကြိုတင်ကာကွယ်မှု မပြုခြင်းကြောင့် ဒဏ်ရာအနာတရများနဲ့ ညစ်ထေးနေတဲ့စိတ်ဟာ ခံနိုင်ရည်စွမ်းရည်နဲ့ ထက်မြက်မှုသတ္တိအင်အားတို့ နည်းပါးမှာအမှန်ပါပဲ။ စိတ်အားသတ္တိနည်းပါးနေပါလျှင်လည်း လူတစ်ယောက်အတွက် မရှိမဖြစ် အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေး အရေးသုံးပါးကြောင့်ဖြစ်စေ၊ အခြားအခြားသော အခြံအရံလိုအပ်ချက် တစ်ခုခုကြောင့် ဖြစ်စေ၊ အခြေအနေတစ်ခုက တောင်းဆိုလာတဲ့ အခါမှာ အဲဒီလို လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ရိုးသားမှုဂုဏ်သိက္ခာကို အလွယ်တကူ စွန့်လွှတ်တတ်ကြပါတယ်။

အထူးသဖြင့်တော့ လူ့ပတ်ဝန်းကျင်က ပြဌာန်းသတ်မှတ်ထားတဲ့ အနှစ်မဲ့ဂုဏ်သိက္ခာ တစ်ခုကို ရယူပိုင်ဆိုင် နိုင်ဖို့အတွက် သဘာဝကသတ်မှတ်ထားတဲ့ တကယ့်အစစ်အမှန် အနှစ်ပြည့် ဂုဏ်သိက္ခာများနဲ့ အလွယ်တကူလဲလှယ် အစားထိုးကြခြင်းပဲ ဖြစ်ပါတယ်။ တစ်ဖက်က သတ်မှတ်ချက် ဂုဏ်သိက္ခာများ တောက်ပြောင်လာလေ တစ်ဖက်မှာတော့ စစ်မှန်တဲ့ သဘာဝဂုဏ်သိက္ခာများ ဆုတ်ယုတ်ညစ်နွမ်းလေ ဖြစ်ရတာကတော့ အလွန်မှပဲ ၀မ်းနည်းဖွယ် ကောင်းလှပါတယ်။ ပုဂ္ဂိုလ်တစ်ယောက်မှာ အစစ်အမှန် ဂုဏ်အရည်အသွေးများ နည်းပါးလာတာနဲ့အမျှ အမှန်တကယ် ဖြစ်နေတာတွေကို အမှန်အတိုင်း လက်ခံဖို့ ဖြစ်နိုင်ခြေ နည်းပါးသွားပါတော့တယ်။ အဖြစ်မှန်တွေကို အမှန်အတိုင်း လက်မခံနိုင်သူတစ်ယောက် ဖြစ်လာတာနဲ့ အမှန်တရားကို ကြောက်ရွံ့မှုစိတ် များဟာလည်း တစ်ပါတည်း ပူးတွဲပါဝင်လာပါတော့တယ်။ ကြောက်ရွံ့သူတစ်ယောက်ဟာ အားကိုးရာ၊ ပုန်းခိုရာ ကို ရှာဖွေတတ်တာကလည်း သဘာဝပဲဖြစ်ပါတယ်။ အားကိုးရာကို ရှာဖွေရာမှာ ကိုယ်အားကိုးမှီခိုရမည့်သူရဲ့ အများအပေါ် တရားမှု မတရားမှု (သို့) ရိုးသားဖြောင့်မတ် တည်ကြည်မှု ရှိ၊ မရှိကိုပင် ဂရုပြု မနေနိုင်တော့ပဲ ကိုယ့်အတွက် အကျိုးအမြတ် ရနိုင်မှု၊ မရနိုင်မှုလောက်ကိုပဲ ကြည့်ရှုတတ်ကြပါတယ်။

ပုန်းခိုရာကို ရှာရာမှာလည်း ကိုယ့်ကိုယ်ကိုယ် ဖုံးကာနိုင်တဲ့ လုံခြုံရာတစ်ခုခုကို ရှာဖွေခြင်းနဲ့ ကြည့်တတ် သူများ မမြင်နိုင်အောင် အမြင်အာရုံများ မှုန်မွှားသွားအောင် ပြုလုပ်ခြင်း စတဲ့ နည်းမျိုးစုံ အသုံးပြု လာတတ် ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဖုံးကာနိုင်တဲ့ လုံခြုံရာတစ်ခုခုကို ရှာဖွေရာမှာ သူတစ်ပါးထံမှာရှိနေတဲ့ ဂုဏ်သိက္ခာ အဖုံးအကာကို မတရားသောနည်းနဲ့ရယူပြီး မိမိရဲ့အကြောက်တရားကို ဖုံးကာဖို့ ကြိုးစား တတ်ပါသေးတယ်။ တစ်ချို့ကတော့ လုံခြုံနိုးနဲ့ အသာလေး ခေါင်းလျှိုလို့ နေတတ်ပါတယ်။ ရန်သူမြင်မှာစိုးတာကြောင့် သဲထဲကို ခေါင်းလျှိုပြီးနေတတ်တဲ့ ကန္တာရနေ ( Ostrich ) ငှက်ကုလားအုပ်လို ပုဂ္ဂိုလ်မျိုးတွေပေါ့။ ကိုယ်က အပြင်လောကကို မမြင်နိုင်ယုံမျှနဲ့ တစ်ပါးသူတွေလဲ ကိုယ့်လိုပဲ မမြင်နိုင် လောက်ပါဘူးရယ်လို့ တွေးထင်ယူဆမိတဲ့ သဘောပါ။ နောက်ပြီး တစ်ပိုင်းတစ်စကို လုံအောင်ဖုံးကာ နိုင်ပေမယ့် ကျန်တဲ့အပိုင်းက လှစ်ဟပြထားသလို ဖြစ်နေတယ်ဆိုတာကိုတောင်မှ သတိမမူနိုင်တဲ့အထိ ဖြစ်သွားတတ်ပါသေးတယ်။

တစ်ချို့ကတော့ ကိုယ့်ကိုယ်ကိုယ် ပုန်းခိုရာမရှာပဲ တစ်ပါးသူများရဲ့ အမြင်အာရုံများ ပြောင်းလဲ သွားအောင်၊ အမြင်များ မှုန်ဝါးဝေသီသွားအောင် မတရားနည်းနဲ့ ဖန်တီးပြုလုပ်တတ်ပါတယ်။ တစ်ပါးသူ များရဲ့ စွမ်းအားအမှန်တွေကို မတရားနည်းနဲ့ ချိနဲ့သွားအောင် လုပ်ကတည်းကိုက အမှန်တရားဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ စွမ်းအားသတ္တိ ခိုင်မာသူတို့ တစ်နည်းအားဖြင့် ကိုယ်ခံစွမ်းအား ကောင်းသူတို့က အမှန်တရားနဲ့ တစ်သားတည်း ဖြစ်နေတာကြောင့် အမြင်စွမ်းအားများ ထက်သန်နေတယ်။ ကိုယ့်ရဲ့ ဖန်တီး လှုံ့ဆော် ပြောင်းလွဲစေမှုများ အရာမထင် ဖြစ်နေတယ်ဆိုရင် ကိုယ့်အလိုကျ မဖြစ်ရကောင်းလားလို့ မလိုစိတ်ထား ဖြစ်တတ်ပါတယ်။ ဒီအခါမှာ ဆန့်ကျင်ဖက် ပဋိပက္ခတရားဟာ အထင်အရှား ပေါ်လာ တတ်ပါတယ်။

ပဋိပက္ခဖြစ်လာတာနဲ့ ကိုယ်နဲ့အယူအဆ မတူသူကအမှား၊ ကိုယ့်ဖက်တရားက အမှန်ရယ်လို့ ဘက်မမျှ တဲ့ စိတ်ထားများလည်း ပေါ်လာပါတယ်။ တစ်ဆင့်တက်လို့ ကိုယ့်ဖက်တရားက အမှန်ဆိုတာ သက်သေ ထူဖို့ ကြိုးစားပါတော့တယ်။ သက်သေထူဖို့ ကြိုးစားရာမှာလဲ ကိုယ်ဖြစ်စေချင်တဲ့ ကိုယ့်လိုအင်ဆန္ဒကို ထောက်ကူပေးမယ့် ပုဂ္ဂိုလ်မျိုးနဲ့ ကိုယ့်အယူအဆနဲ့ ညီမျှတဲ့တရားမျိုးတွေကိုသာ သက်သေအဖြစ် ခေါ်ယူတာကြောင့်လည်း ကိုယ့်ရဲ့အယူအဆတရားသာ အမှန်ဆိုတဲ့ သဘောဟာ ခိုင်မာသထက် ခိုင်မာ စေပါတော့တယ်။ ဒီအချိန်မှာတော့ လှည့်စားမှု တရားများကလည်း အထွတ်အထိပ်ကို ရောက်ရှိလာပါ တော့တယ်။ အစပထမမှာတော့ ပတ်ဝန်းကျင်အများအပေါ် လှည့်စားပြီး တစ်ဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ် ကိုယ်ပါ မသိမသာ ပြန်လည်လှည့်စားလာပါတော့တယ်။

သူတစ်ပါးကို လှည့်စားခြင်းဟာ အလွယ်တကူ ပြေပျောက်နိုင်ပေမယ့် ကိုယ့်ကိုယ်ကိုယ် လှည့်စားမှု ကတော့ လွယ်လင့်တကူ ပြေပျောက်ဖို့ ခဲယဉ်းလှပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြေအမျိုးမျိုးပေးပြီးလည်း နေတတ်ပါတယ်။ ဘယ်လောက်အထိ ဖြစ်သွားနိုင်သလဲဆိုရင် အမှန်တရား အရိပ်အယောင်လမ်းစကို တွေ့ရတာတောင် မထူးတော့ပါဘူးလေဆိုတဲ့ မထူးဇာတ်ခင်းတဲ့ အနေအထိ ဖြစ်သွားတတ်ပါတယ်။ ဒီအခြေအနေမှာတော့ “ဆေးကု၍မရပါ” ဆိုတဲ့ အနေအထားမျိုးမို့ မဖောက်ပြန်တဲ့ လောကနိယာမအရ သဘာဝတရားရဲ့ ပြတ်သားစွာ ဒဏ်ခတ်မှုကို မလွဲမသွေ ခံရပါလိမ့်မယ်။

အမှန်တကယ် ဖြစ်နေတာတွေကို အမှန်အတိုင်း လက်မခံနိုင်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုး များကတော့ ပြော၍ကုန်နိုင်ဖွယ် မရှိသလို အလွန်မှလဲ ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းလှတာကို မကြာခဏဆိုသလိုပဲ စဉ်းစားနေမိတတ်ပါတယ်။
လူသားအားလုံး ရိုးသားနိုင်ကြပါစေ။

( “အရှင်ဥာဏိကာဘိဝံသ” ရဲ့ ရိုးသားခြင်း၏ အခြားတစ်ဖက်မှာ . . . ဆောင်းပါးမှ )

Read More...